မြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

မြိုင် ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိုင်မြို့နယ် တာဝန်ခံ ဦးဇော်ထွန်းဉီးတို့က ဆွေးနွေးခဲ့ကြရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း၊ စားသုံးသူများ ရသင့်၊ ရထိုက်သည့် အခွင့်အရေးများနှင့် စားသုံးသူ လိုက်နာရမည့်တာဝန်များကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက မိမိတို့ ဌာနအနေဖြင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာ၊ ဗဟုသုတများကို အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ Talk Show များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအသိပညာပေး Talk Show ဗွီဒီယိုဖိုင်များကို  Online၊ Facebook Page တို့မှတဆင့် ဖြန့်ဝေပေးသွားမည်‌ကြောင်း သိရှိရသည်။

မယ်ခွေ