ဖျာပုံမြို့ပေါ်အထင်ကရစေတီဘုရားများ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဖျာပုံ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ၊ အထင်ကရ စေတီဘုရားများတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ()နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဖျာပုံမြိုပေါ် အထင်ကရစေတီဘုရားများ ဖြစ်သည့် အမှတ်()ရပ်ကွက်၊ ထူပါရုံစေတီတော်မြတ်ကြီးနှင့် အမှတ်()ရပ်ကွက်၊ မြောက်ပိုင်းဘုရားကြီးတို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ဘုရားရောင်တော်ဖွင့်ခြင်း၊ ဘုရားပုရဝုဏ်အတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း၍ လုပ်အား ကုသိုလ်ပြုခဲ့ကြသည်။

အလားတူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ဘုရား၊ စေတီများတွင်လည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ဘုရားရောင်တော်ဖွင့်ခြင်း၊ ဘုရားပုရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်တည်း ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဒေါ်မာမာလွင်
ဖျာပုံ (ခရိုင်ပြန်/ဆက်)