မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နံရံကပ်ပိုစတာနှင့် စာအုပ်စာပေများ ခင်ကျင်း ပြသ

မင်းဘူး ဇန်နဝါရီ  ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်ကလေးများ ဖတ်ရှုလေ့လာနိုင်ရန် အသိပညာပေး နံရံကပ်ပိုစတာများနှင့် စာအုပ်စာပေများ ခင်းကျင်း ပြသပေးထားကြောင်း မင်းဘူးခရိုင် ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။

 “ကျွန်မတို့ စာကြည့်တိုက်က အစိုးရ ရုံးပိတ်ရက်များမှအပ ကျန်ရက်များမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာအုပ်များကို ငှါးရမ်းပေးပါတယ်။ စာအုပ်များ ငှါးရမ်းပေးခြင်းအပြင် စာကြည့်တိုက်သို့ လာရောက်သူများ ကြည့်ရှုလေ့လာနိုင်အောင်လည်း ကလေးစာကြည့်ခန်း၊ (Community Centre) ခန်းမ ပြခန်းနှင့် နံရံကပ်ပိုစတာများ၊ စာအုပ်စာပေများလည်း ခင်းကျင်း ပြသထားပါတယ်” ဟု မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ပြောသည်။

ထိုသို့ ပြသထားခြင်းမှာ စာအုပ်များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားကာ စာရိတ္တမြင့်မားပြီး ကိုယ်တိုင် စဉ်းစား တွေးခေါ်တတ်သောသူများဖြစ်ကာ အတွေးအခေါ် အမြော်အမြင်များ ရရှိစေရန်ဖြစ်ပြီး သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်းနှင့် ကဗျာ၊ စာပေစသော စာအုပ်စာစောင် အစုံအလင် ခင်းကျင်းပြသထားကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)