အထက်မင်းလှ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လွန်ဆွဲပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ မီတာ(၁၀၀)ကျား/မ အပြေးပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများကို ယနေ့နံနက်၈နာရီက မြို့နယ်အားကစားကွင်းနှင့် ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်လွန်ဆွဲပြိုင်ပွဲ၌ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် အသင်း(၄)သင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် အသင်း(၅)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး၊ ထုတ်စည်းထိုးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှကျောင်းသူများမှအသင်း
(၄)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၃၇)ဦး ပူစီပေါင်းဖောက်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၄၆)ဦး၊ ဘောလီဘောပြိုင်ပွဲတွင်ဌာနဆိုင်ရာအသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်သူများမှ ဆုရရှိသူများကို မင်းလှမြို့ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည့် (၇၅)စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားအပြီးတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)