လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဟောပြောပွဲ၊ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အလက(နတ်အင်း) ကျောင်းအုပ်ဆရာကြီး ဦးကြည်ရှိန်က ကျောင်းသားလူငယ်များ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကိုရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့ကြသည့် ဖြစ်စဥ် တွေကို တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးသဘော၊ သမိုင်းခေတ်အဆက်ဆက်နိုင်ငံတော်များ၊ အင်္ဂလိပ်တို့ကျူးကျော်နယ်ချဲ့မှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးအဓွန့်ရှည်ခိုင်မြဲရန် ကာကွယ်ရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများကို စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)