မကွေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတစ်ကာ Campaign  ပြုလုပ် ဆောင်ရွက်

မကွေး ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတစ်ကာ Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က မကွေးမြို့၊ မြို့ဝင်မုခ်ဦးတွင် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ တိုင်းဒေသ ကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများ၊ ကြီးကြပ်မှုကော်မတီဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့၊ မြို့ဝင်မုခ်ဦးရှိ သွားလာနေသော ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များအား (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတစ်ကာများအား ကပ်နှံပေးခဲ့ပြီး မော်တော်ယာဉ်များအား စနစ်တကျမောင်းနှင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်ကမ်းများနှင့်အညီ မောင်းနှင်ရေး၊ မော်တော်ယာဉ်များမောင်းနှင်ရာတွင် ထိုင်ခုံခါးပတ်အား စနစ်တကျတပ်ဆင် မောင်းနှင်ရေးနှင့် မော်တော်ယာဉ်များတွင် အပိုမီးများ တပ်ဆင်မှုမရှိစေရေးတို့အား အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတစ်ကာကပ်ခြင်းအား မကွေးမြို့တွင် မြို့ဝင်မုခ်ဦး၊ မကွေး-နတ်မောက်လမ်းမရှိ တိုးဂိတ်၊ မကွေး-တောင်တွင်းလမ်းမရှိ တိုးဂိတ်နှင့် မကွေးအဝေးပြေးကားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)