နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို သိရှိစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာအုပ်စာစောင် ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နံရံကပ်စာစောင်တွင် ပြသထားသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေးစာစောင်များ ပြသခဲ့ခြင်းနှင့် စာအုပ်စာစောင်ပြပွဲတွင် နိုင်ငံ့ဂုဏ်ရည်၊ ငွေတာရီ၊ မြ၀တီ၊ မြန်မာ့ ယဉ်ကျေးမှုဆယ့်နှစ်လရာသီဓလေ့ထုံးစဉ်လာ၊ ခေါင်းဆောင်မှုနှင့်စီမံခြင်း၊ တိုင်းရင်းသားရေးရာအမှတ်(၉)၊ ဧရာ၀တီမှ နေရဉ္ဇရာသို့ စသည့် သုတ/ရသ စာအုပ်မျိုးစုံ(၆၀)အုပ် ခင်းကျင်းပြသခဲ့ရာ စာပေဝါသနာရှင် ကျောင်းသား/သူလေးများက လာရောက်လေ့လာဖတ်ရှုခဲ့ပြီး စာကြည့်တိုက်ရှိ စာအုပ်များကိုလည်း ဖတ်ရှုလေ့လာရန် ငှားရမ်းခဲ့ကြသည်။

လှဝင်း