မြိုင် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို မြိုင်မြို့ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ပြိုင်ပွဲတွင် လွတ်လပ်ခြင်းမှသည် ညီညွတ်ပျော်ရွှင်သော နိုင်ငံတော်သစ်ဆီသို့ ဟူသော ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲဝင်(၁၃)ဦး၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲဝင်(၃၀)ဦး၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲဝင်(၆)ဦး၊ အလယ်တန်းဆင့်ကဗျာပြိုင်ပွဲဝင်(၁၅)ဦးနှင့် မူလတန်းဆင့်ပန်းချီပြိုင်ပွဲဝင်(၄၇)ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား/သူပေါင်း (၁၁၁)ဦး တို့ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခါနု