မုံရွာမြို့၌ ကလေး အလုပ်သမားပပျောက်ရေး ပြည်သူများကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်ရန် အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြသ

မုံရွာ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ  မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်း ပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားမဝင် အလုပ် လုပ်ကိုင်ခွင့် ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ် ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမား များအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် နံရံကပ်စာစောင် ဓာတ်ပုံပြသခြင်း၊ အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးဝန်းအတွင်း ၌  ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ အသိပညာပေး ဆောင်ရွက်ရာတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စပ်လျဉ်းသည့် လိုက်နာရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များအပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ပြသထားရှိခဲ့ပြီး ခရိုင်ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီ အဖွဲ့ဝင်များက ကြည့်ရှု လေ့လာသည့် ပြည်သူများအား အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)