ဟင်္သာတ စက်တင်ဘာ ၁၅
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးမိုးကျော်က စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍ မိတ်ဆက်ဆွေးနွေးပြီး မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ်လကစတင်ပြဋ္ဌာန်းလိုက်သော စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် စားသုံးသူများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့် အချက်အလက်များ၊ ကုန်စည်များနှင့်ပတ်သက်၍ စျေးကွက်စောင့်ကြည့်မှု အခြေအနေများကို လည်းကောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို လည်းကောင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇော်