စလင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပပြုလုပ်

စလင်း စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရးရာ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးများအား ဟောပြောပွဲနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန်နှင့် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဥဉ်ဖြင့် ပြောကြားခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူများ ယခုလို ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူကလေးများ ဗဟုသုတရရှိစေပြီး စာအုပ်စာပေလေ့လာခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန် နိုင်ငံလူချွန်လူကောင်း၊ တိုင်းပြည်၏ အနာဂါတ်လူငယ်ကလေးများ ပေါ်ထွန်းလာစေရေး အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေပြီး စာဖတ်မှ၊ စာတတ်မှ လူရာဝင်ပြီး အသိပညာဗဟုသုတ အတွေးအခေါ်မြင့်မားလာပြီး အသိပညာပြည့်စုံစေရန် ကျောင်းစာအပြင်၊ ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ ကိုဗစ်-၁၉မျိုးကွဲအသစ်အိုမီခရွန်အသိပညာပေးနံရံကပ်ဘုတ်နှင့် လူကုန်ကူးမှု အန္တရာယ်များအကြောင်းနှင့် စာအုပ်ပြပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးများမှ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်တာဝန်ခံဒါ်ချောစုသက်က လူငယ်များကျန်းမာကြံခိုင်၍  အကျင့်စာရိတ္တကောင်းမွန်ရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရန်၊ ဘက်စုံဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူကလေးများအတွက် နိုင်ငံဂုဏ်ဆောင် အားကစားသမားများနှင့် လူချွန်လူကောင်း ကျောင်းသားလူငယ်ကလေးများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အထက(၂)ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်သည့် အားကစားသမားလေးများ ပေါ်ထွက်လာစေရန် ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ရီထံသို့ အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားများပြောကြား၍ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)