မင်းလှမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

အထက်မင်းလှ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ် အသိပညာပေး Talk Show  ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်သူဇာလှိုင်တို့က လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပေါ်‌ပေါက်လာပုံ၊ ၂၀၂၂ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေး‌နေ့၏ ရည်ရွယ်ချက် (၄)ရပ်၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုပုံစံများနှင့် လူကုန်ကူးခံရနိုင်သူများ အကြောင်း၊ လူကုန်ကူးခံရမှုအစိတ်အပိုင်းများ၊ လူကုန်ကူးခံရသူများ၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုး နှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်သည့်အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်းလှမြို့နယ်ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)