နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ Grade-12 ကျောင်းသား/ ကျောင်းသူများ စခန်းသွင်းပညာသင်ကြားမှု၊ ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ယမန်နေ့နံနက် ၁၀ နာရီက တပ်မတော်အထူးလေယာဉ်ဖြင့် ရောက်ရှိပြီး မြစ်ကြီးနားမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရး Grade-12 ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။