ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသည့် ကချင်ပြည်နယ်မှ မောင်မောင်စိုင်းအား အခမ်းအနားဖြင့် ဂုဏ်ပြု
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသောကချင်ပြည်နယ်မှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား မောင်မောင်စိုင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ ညနေ ၃ နာရီက မေခခန်းမ၌အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။