ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ ထောက်ပံ့ငွေနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/‌ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေး အပ်ခြင်း အခမ်အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၁၂)ဦးတို့သည် ၂၆-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းများ စွမ်းရည်ပြပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများမှ ဘင်ခရာတီးဝိုင်းများ၏ စွမ်းရည်ပြပြိုင်ပွဲအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ  မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်နေ ပြည်သူများအတွက် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများ ဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။

ဆွမ်ပရာဘွမ်မြို့၌ ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ၏ အမည်/နိုင်ကတ်ထပ်ခြင်းများ၊ မှားယွင်းခြင်းများ၊ သေဆုံး/ ပြောင်းထွက်ခြင်း အထောက်အထားများနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး အရှေ့ဘက် လမ်းမကြီးပေါ်၌ ဒေသခံပြည်သူ များအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက် (၇)နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၅ ရက် မွန်းလွဲ ၁နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ ချယ်ရီတန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချယ်ရီတန်ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ ခန့်က အလယ်ရပ်ကွက်ရှိ ရွှေကျောင်းကုန်းခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်