ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့စီတာပူမနောကွင်းမဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ် ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။