မချမ်းဘောမြို့နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ကျောင်းသူ ကြိုတင်ဆန္ဒမဲပေးသူ ၁၇ ဦးရှိ
မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ကြရမည့် အဆိုပါနေ့ရက်တွင် အသက်၁၈နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ဆောင်ရွက်ခဲ့သည်။