တနိုင်းမြို့နယ်၌ ''ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန'' အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်ရုံးနှင့် တနိုင်းမြို့နယ်ရုံး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။