ကချင်ပြည်နယ်

မိုးညှင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာသင်သံဃာတော်များ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သာသနာရေး ဦးစီးဌာနမှ ကြီးမှူး ၍ ယမန်နေ့ မွန်းတည့်(၁၂)နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ ၃ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်​မြို့ ကျောက်စိမ်းတွင်းသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲများကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက် မွန်းတည့် ၁၂ နာရီက စတင်ကျင်းပလျက်ရှိသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း မ၌ Computer ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငယ်စဥ်မှစ၍ ကွန်ပျူတာကို ကိုင်တွယ်အသုံး ပြုတတ်စေရန်၊ ခေတ်မီပညာရပ်များကို သင်ယူလေ့လာနိုင်စေရန်ရည်ရွယ်၍ Computer ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားပြည်သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ လစဥ်လတိုင်း ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ မတ်လ ၂ရက် မွန်းလွဲ ၁နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင် အခမ်းအနားကို ဧပြီလ (၂)ရက် ညနေ(၃)နာရီက ဥတ္တရာ ရာမကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က သာသနာ့ဗိမ္ဗာန်တော်အတွင်း၌ ကျင်းပခဲ့ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာ များနှင့် သီလရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ စုပေါင်းဒုလ္လဘရဟန်းခံအလှူတော်မင်္ဂလာ၊ သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာအလှူတော်မင်္ဂလာပွဲတော်အခမ်းအနားများကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ဒါအနေဖြင့် ဝန်ထမ်းမိသားစုများ အပါအဝင် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဒုလ္လဘရဟန်းသံဃာများ အား သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာ အလှူတော်မင်္ဂလာအခမ်းအနားများကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင် တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်