ကချင်ပြည်နယ်

တနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် (၃) အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ကင်ဆားရာရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်းအတွင်း ဧပြီလ ၉ ရက်နေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် (ဒုတိယ)အကြိမ်အဖြစ် ဖွင့်လှစ်သည့် မဟာသင်္ကြန်ကာလ မဟာစည်ဝိပဿနာ အထူးတရားစခန်းဖွင့်ပွဲ ကျင်းပ

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၈ ရက်ကြာဖွင့်လှစ်သွားမည့် (ဒုတိယ)အကြိမ် မဟာသင်္ကြန်ကာလ မဟာစည် ဝိပဿနာအထူးတရားစခန်းကို ယမန်နေ့နံနက် (၉) နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရှိ ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များနှင့် ကချင်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်စေရေးအတွက် ပညာဒါနအဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များနှင့် ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့် ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ်သင်ကြားပို့ချသွားမည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်(၁/၂၀၂၄) အောင်မြင်စွာ ဖွင့်လှစ် ပို့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် (၈)နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နုတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေအသိပညာပေးရှင်းလင်းပွဲနှင့် ပြည်နယ်အတွင်း လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်နှင့် မြို့အဝင်ဘီးခွန်ကောက်ခံသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ အကျွမ်းတဝင် သိရှိနားလည် သဘောပေါက်ပြီး ၎င်းတို့၏ မိသားစုများ၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် သိရှိနားလည်အောင် ပြန်လည်မျှဝေပေးနိုင်ရေးအတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက် စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက်စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ချီဖေမြို့နယ်လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပြုလုပ်ခဲ့ သည်။
Subscribe to ကချင်ပြည်နယ်