ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာင်္ကြန်အတက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာကျင်းပမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်္ကြန်ချစ်ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းနှုတ်ဆက်၍ ၁၃၈၆ ခုနှစ် နှစ်သစ်ကို ကြိုဆိုသည့် မဟာသင်္ကြန်ပွဲတော် အခါ သမယတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူပျော်ရွှင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။