ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာနှင့် မူလနေရပ်များသို့ ပြန်လည်ထွက်ခွာမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်၊ ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် ပထမအကြိမ် အခြေခံစားသောက်ကုန်များ လေကြောင်းခရီးစဉ်ဖြင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငွေပျော်စံပြကျေးရွာနှင့် မူလနေရပ်များသို့ ပြန်လည်ထွက်ခွာကြမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဂျာမိုင်ကောင်း RC စခန်း၌ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးအပ်ခဲ့ကြသည်။

ဗန်းမော်ခရိုင်အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အောင်စာရင်းများထုတ်ပြန်ကြေညာပေးလျက်ရှိရာကျောင်းသား၊ကျောင်းသူများနှင့်မိဘ၊အုပ်ထိန်းသူများက ဧပြီလ ၂၇ရက် နံနက် ၉ နာရီမှစ၍ ပျော်ရွှင်စွာ လာရောက် ကြည့်ရှုလျက် ရှိကြောင်းသိရသည်။

မြစ်ကြီးနားမြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ သစ်တောနှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ဒေသတွင်းထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်စားသောက်ကုန်များ ခင်းကျင်းပြသနိုင်ရေးနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြပွဲကျင်းပပြုလုပ်မည့် နေရာတွင် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် MSME လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/အလယ်တန်း အဆင့်) ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်ပွဲ၊ စုပေါင်းရုံးအတွင်း ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်နှင့် UID နံပါတ်များထုတ်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက (သို့မဟုတ်) ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်က ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/ အလယ်တန်းအဆင့်) Certificate for Private Teacher (Primary and Lower Secondary Levels) ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိမ်းရှောင် အိမ်ထောင်စုများ မိုးမကျမီဆောလျင်စွာ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ ဘာသာရေးအသင်းအဖွဲ့အသီးသီး၏ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီ တိမ်း‌ရှောင်ပြည်သူများ မိုးမကျမီဆောလျင်စွာ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး တာဝန် ရှိသူများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်

ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြည်နယ်အားကစားဆပ်ကော်မတီ အသီးသီးနှင့် ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းသားလူငယ်များအတွက် အားကစားနည်း (၁၅)မျိုးဖြင့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ(၂၃)ရက်နံနက် (၁၀)နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လေကြောင်းလူငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ၊ လူရည်ချွန်မောင်မယ် ဂုဏ်ပြုတွေ့ဆုံပွဲများသို့တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၌ သင်တန်းသား (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ပေးသွားမည့် လေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။

မိုးညှင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်(မိုးညှင်း)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်