မိုးကောင်း ဧပြီ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ(၂၃)ရက်နံနက် (၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်အေးမြင့်ကြူက ဒေသန္တရစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အနေဖြင့် လမ်းတံတားလုပ်ငန်း(၆၁)ခု၊ အခြားတည်ဆောက်ရေးလုပ်ငန်း (၄၂)ခု၊ စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်း(၁၈)ခု စုစုပေါင်း(၁၂၁)ခုကို ၎င်းတို့နှင့်သက်ဆိုင်သည့် ဌာန(၁၆)ခု အားပေးအပ်ခြင်းဖြစ်ပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြုပ်နှံမှုလျာထားချက်ကျပ်သန်း (၈၄၀၈ ဒဿမ ၈၅၇ )ရှိကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)