မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။