ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စောင်၊ အခင်း၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းတိုက်ပွဲရှောင်စခန်းနှင့် ဒူကထောင် တိုက်ပွဲရှောင်စခန်းရှိ ဖားကန့်မြို့နယ်မှ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်း တွင်းကာလ လိုအပ်သည့်အသုံးအဆောင်များဖြစ်သည့် စောင်၊ အခင်း များအပြင် မီးဖိုဆောင်သုံး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။