ဝေးလံခေါင်ဖျားဒေသသတင်းများ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းမည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှလွယ်ခန်းမ၌ ပြုလုပ်သည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမ(၁)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၈ ရက် နံနက်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။

လိုင်လင်းပီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(အိတ်ချ်ပီဗီ)ထိုးနှံပေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ)ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် လိုင်လင်းပီမြို့၊ တိုက်နယ်ဆေးရုံ၌ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မတူပီမြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကျင်းပ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ဗိုလ်တိုက်ချွန်း အားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသော ပြည်သူများ အား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မင်းတပ်မြို့နယ်ရှိ မဲရုံပေါင်း (၁၁၆) ရုံတွင် ရွေးကောက်ပွဲမစတင်မီကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ ကျင်းပပြီးကာလ တို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၂) ကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် မဲလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲ သင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန် ပေးအပ်နိုင်ရေးအတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်နေ့က ဟားခါးမြို့၊ ခိုင်ကမ်းအားကစားရုံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူတိုင်း ပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းများ ပြုလုပ်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဌာနအတွင်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask)များ ထောက်ပံ့

ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိပ်က္ခာ ဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Hall ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆမီးမြို့တွင် ဆေးဝါးပစ္စည်းများနှင့် ကိုဗစ်−၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ အယ်နာရွှေလွှမ်း၏ ကြီးကြပ်မှုဖြင့် ဆေးဝါးပစ္စည်းများနှင့် ကိုဗစ်−၁၉ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနာကို ယနေ့နံနက်ပိုင်းက ဆမီးမြို့တိုက်နယ် ဆေးရုံနှင့် အထက ကျောင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ