ဝေးလံခေါင်ဖျားဒေသသတင်းများ

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် တာ၀န်ရှိသူများက ရွာသစ်မြို့ရှိ မဲရုံ အသုံးပြုမည့်နေရာ၊ အဆောက်အဦများသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်နှင့် တာ၀န်ရှိသူများက ယမန် နေ့ ညနေပိုင််းက ရွာသစ်မြို့ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲပေး လုပ်ငန်းစဉ်များနှင့် မဲရုံ အသုံးပြုမည့် နေရာ၊ အဆောက်အဦ နေရာများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်း ဆက်လက်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရန်အတွက် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မဲရုံတွင် တာဝန်ထမ်းဆောင် ကြမည့်သူများသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မင်းတပ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါတီအင်အား လှည့်လည်ပြခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းတပ်မြို့၌ နိုင်ငံရေးပါတီများ လှည့်လည်မဲဆွယ်ခြင်း၊ ပါတီအင်အားပြသခြင်းများဆောင်ရွက် ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရေဇွာမြို့၌ မဲရုံများအား မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တည်ငြိမ်အေးချမ်း စွာဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးသူ (၇၀၀)ဦး ကျော်ရှိလာ

မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ယမန်နေ့ညနေ ၄ နာရီချိန်အထိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၀၀)ဦးကျော်က လာရောက် ဆန္ဒမဲပေးပြီးပြီဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးအဖွဲ့ (Health Working Group) ဖွဲ့စည်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးအဖွဲ့(Health Working Group) ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ပူတာအိုမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးနိုင်ရန် တောင်းဆိုထားသူများမှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲ ရောက်ရှိလာသူများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လစဉ် ကျန်းမာရေး စောင့်ရှောက်မှုပေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံမှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်မာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉နာရီအချိန်တွင် ကိုကိုးကျွန်း မြို့နယ်ရှိ သက်ကြီးဘိုးဘွား(၃၀)ဦးအား သွေးတိုး-ဆီချို-သွေးခုန်နှုန်း မှန်မမှန်နှင့် အခြားလိုအပ်သည့် အထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အားဆေးအမျိုးမျိုး တို့ကိုလည်း တစ်လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ပန်နန်းဒင်မြို့တွင် မဲရုံ (၉) ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၁၃) ဦး ရှိ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နို၀င်ဘာလ(၈)နေ့တွင် ကျင်းပမည်ဖြစ်ရာ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့တွင် မဲရုံပေါင်း(၉)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၁၀၁၃)ဦးရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီ(၃)ခုမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း(၂)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်အတွင်း ပါတီ(၃)ခုမှ ကိုယ်စားလှယ်လောင်း(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ် လောင်း(၂)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ