ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် မဟာမုနိ(ဗဟို) ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များစုပေါင်းကာ ( ၂၆ )ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။