ဝေးလံခေါင်ဖျားဒေသသတင်းများ

ဟားခါးပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းများလှူဒါန်း

ဟားခါး ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့မှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာမှ ပြန်လည် ရောက်ရှိလာသူများအား Quarantine နှင့် Home Quarantine ထားရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု နမ့်ဖြန့်ကျေးရွာမှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာနေရာမှ ပြန်လည်ရောက်ရှိလာသည့် သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက နမ့်ဖြန့်ကျေးရွာတွင် Quarantine နှင့် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ Antigen (RDT)Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့သည်။

ချီဖွေမြို့၌ ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့ ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ World AIDS DAY 2020 လှုပ်ရှား ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၆) နာရီက မြို့နယ်စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်းမာရေး ဆေးပေးခန်းတွင် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ ၌ World AIDS Day အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ World AIDS Day အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့် က ကွန်ဟိန်းမြို့ ၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခါမ်းပါတ်မြို့တွင် ကောက်ရိတ်ရာသီ၌ လုပ်သား အင်အား စုများ ပုံမှန်ဝင် ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံလုပ်သားအင်အားစုများအ နေဖြင့်ကောက်ရိတ်ရာသီတွင် နေ့စဉ် မှန်ဝင်ငွေ ရရှိလျက်ရှိကြ ကြောင်းသိရသည်။

ထန်တလန်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

ချင်ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အ​နေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာတွင် ကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်မောင်းနှင်မည့် ယာဉ်​​မောင်းနှစ်ဉီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများ ယခင်နှစ်ထက် စျေးအနည်းငယ်‌ကျဆင်းနေ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများကို နိုဝင်ဘာလပထမပတ် ဝန်းကျင်၌ စတင် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြရာ ယခင်နှစ်ထက် စျေးအနည်းငယ် လျော့နည်း လျက်ရှိကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ