မိုင်းယောင်းမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။