ဆွမ်ပရာဘွမ်မြို့နယ်၌ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း လယ်ယာမြေတွင် မိုးစပါးစံကွက် ရိတ်သိမ်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ခင်ဒူယန်ကျေးရွာအုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း၌ ဖော်ထုတ်ပေးထား လျက်ရှိသော လယ်ယာမြေတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ စံကွက်ရိတ်သိမ်းခဲ့သည်။