မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် သမိုင်းဝင်ကန်တော် မင်္ဂလာရေကန်မှ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များ တိုးချဲ့တပ်ဆင်မည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တိုးချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။