တိုက်ကြီးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုနှင့် တောဆင်ရိုင်းဖျက်စီးမှုကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ငွေများပေးအပ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုးရယ်အောင်မြတ်နှင့် အဖွဲ့တို့က (၁၉.၂.၂၀၂၀) ရက်နေ့တွင် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)၊ အိမ်ထောင်စု(၄)စု ကျား(၁၂)ဦး မ(၇)ဦးတို့အတွက်