ကျောက်တန်းမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရားဖူးလာသည့်ဧည့်သည်များအား (COVID-19)ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း မှ စတင်ဆောင်ရွက်ခဲ့သည်။