ဝေးလံခေါင်ဖျားဒေသသတင်းများ

တောင်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသော ကျောင်းသားကျောင်းသူများအား COVID-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ လတ်တလော sအသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များထည့်သွင်းဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က တောင်ဥက္ကလာပမြို့နယ် အ.ထ.က (၃) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်လာသော ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား ၈၉၈ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယပတ် (၃)လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို  ယနေ့ နံနက်ပိုင်း က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အိမ်မဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောမြို့နယ်၊ စာစစ်ဌာန (၁၀) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၃၈၄ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၂၄၄၂ ဦးရှိ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ သတ္တမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၃၉၃ ဦးတွင် ဖြေဆိုသူ ၃၈၄ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၉ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၇၁ ရာခိုင်နှုန်းဖြစ်သည်။

ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂)ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူပေါင်း၍ ပတ္တမြားဈေးနှင့် လူစည်ကားရာနေရာများသို့ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။

တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်

တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက စားသောက်ဆိုင်များ၊ လူစည်ကားရာ နေရာများ၌ အသိပညာပေး ပိုစတာများကပ်၍ ကြေညာထားသည်။

COVID-19 ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ တပ်ဆင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှု လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို၊ ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အ.ထ.ကအနီး၊  မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ