ဝေးလံခေါင်ဖျားဒေသသတင်းများ

ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ဂန့်ဂေါ အ.ထ.က၊ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ရှုံးရှီ)စသည့် စာစစ်ဌာနများ၌ စာမေးပွဲပြီးဆုံးချိန်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။

ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။

ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦများ ပြိုကျပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယမန်နေ့ ညနေ (၆) နာရီခွဲ ခန့်က ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘုံရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ မြို့မအားကစားကွင်း အထူးတန်းပွဲကြည့်စင် အဆောက်အဦ သွပ်မိုးများ ဒိုင်းမြှားများနှင့်အတူ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ လူနေအိမ်ပေါ်

လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာလူနေအိမ်များ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်

တောင်ငူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခေါင်ရမ်း ကျေးရွာအုပ်စု အောင်းကြီးကျေးရွာအတွင်းရှိ လူနေအိမ်များ လေဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူနေအိမ်များ ပြုပြင်ခြင်းနှင့် နေအိမ်ဆောက်လုပ်ရန်အတွက် ငွေကြေး အခက်ခဲရှိသည့် မိသားစုများအတွက် အသစ်တည်ဆောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းဘူးမြို့ မြို့မဈေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးနည်းစနစ် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန်စပါး၊ သီးနှံများအား ရာသီမရွေး အချိန်အခါမရွေး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်ရန် ပုဂံတောင်ကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ထွက်ကုန် သီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ်အနည်းဆုံးနှင့် ရာသီမရွေးပို့ဆောင်နိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းအား ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဖောက်လုပ် လျက် ရှိသော ကျေးလက်ကုန်ထုတ်ဂဝံလမ်း၊ စံချိန်စံညွှန်းပြည့်မီရေး ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအုပ်စု နတ်ကြီးစဉ် ကျေးရွာ တွင် ယမန်နေ့မွန်းလွဲ ၁နာရီ ၄၅မိနစ် အချိန်က ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဇလွန်မြို့မစျေးသစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေး စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ