ဝေးလံခေါင်ဖျားဒေသသတင်းများ

ပုသိမ်မြို့နယ်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စုပေါင်းရုံး အစည်းဝေးခန်းမ၌ COVID-19 ရောဂါနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီအဖွဲ့များ၏ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များ ညှိနှိုင်းဆွေးနွေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စတင်၍ ဆွေးနွေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ ထံ လှူဒါန်းထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ)ထံလှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ အချိန်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ကျင်းပသည်။

စစ်ကိုင်းမြို့တွင် COVID-19 ရောဂါပိုးရှိသူတွေ့ရှိပါက စနစ်တစ်ကျ သယ်ဆောင်ကုသနိုင်ရန် လမ်းကြောင်းကြိုတင် ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းမြို့တွင် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရင်ဖြင့် ရောဂါပိုးတွေ့ရှိ လူနာရှိလာပါက ကုသပေးမည့်သက်မှတ်နေရာသို့ စနစ်တစ်ကျဖြင့် သယ်ယူ၍ လမ်းကြောင်းကြိုတင် သိရှိထားနိုင်ရန် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/ဆရာဝန်မများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စစ်ကိုင်းမြို့ရှိအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတွေ့ဆုံကာ လုပ်ငန်းဆွေးနွေးပွဲကို မတ်(၃၀)ရက်၊ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

COVID – 19 ရောဂါသက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID – 19 Fund မှ ချေးငွေများ ထုတ်ပေးမည်

COVID – 19 ရောဂါသက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID – 19 Fund မှ ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ပြည်သူလူထု လိုက်နာရမည့် အချက်အလက် အကြောင်းအရာများအား အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဝန်ထမ်း များသည် ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ညောင်ဦးခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာ များသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုသိရှိ လိုက်နာ ရမည့်အချက်များကို လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

ဒလမြို့နယ်၌ ပြည်ပမှ ပြန်လာသူ ၇၈ဦး ကို Community based Facility Quarantine (၁၄)ရက် တာ စောင့်ကြပ်ကြည့်ရှု

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇၈ဦးကို Community based Facility Quarantine (၁၄)ရက် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး၊ ပြည်ပမှ ပြန်လာသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသတင်းပို့ကြရန်၊ မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့ကြရန် အကြောင်း ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။

အမှိုက်ပုံးများ အနံ့အသက်ကင်း၍ သန့်ရှင်းစေရန် ဆေးကြော

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်းနေထိုင်သူများ အနံ့အသက်ကင်းဝေး၍ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အမှိုက်ပုံးများအား အနံ့အသက်ကင်း၍ သန့်ရှင်းစေရန်၊ ရေဆေးကြောသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှု ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ ဝေငှ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး(၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာကို (၁၈.၄.၂ဝ၁၉) မှစတင်၍ မြင့်မိုရ်သိင်္ခကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက် ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဖေထံမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ