ဝေးလံခေါင်ဖျားဒေသသတင်းများ

ဟားခါး၌ ကိုဗစ် - ၁၉ Economic Relief Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ငါးမွေးတောင်သူများ၏ စီးပွားရေး ထိခိုက်မှုကို သက်သာစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ် တက်ရောက်၍ ငါးမွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် ငွေထုတ်ပေး

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်အဖြစ် လုပ်ငန်းဆောင်ရွက်သည့် ရပ်ကွက်ကျေးရွာများအတွက် ယနေ့ နံနက် ၉ နာရီခွဲ တွင် ငွေများ ထုတ်ပေးသည်။

တွန်းဇံ၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာတွင် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်း (၂/၂၀၂၀) ကို ဟားခါးမြို့၌ ဖွင့်လှစ်

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် (၂/၂၀၂၀) သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့စျေးသစ် ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်း၌ ကျင်းပသည်။

တနိုင်းမြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ သုံးစွဲမှု အထောက်အကူပြု သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ သုံးစွဲမှု အထောက်အကူပြု (RHCLS) သင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့တွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်းလမ်းဖြစ်သော တာလံရပ်ကွက်၊ မာလာ‌တောင် အားကစားခန်းမကွင်း၌ ကတ္တရာလမ်း ပျက်စီးနေမှုများအား

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာ၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၄)ဧကတွင် ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

တနိုင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ခုနစ်ရက်တိုးမြှင့် ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ ဩဂုတ်လ (၈) ရက်မှ (၁၄) ရက်နေ့အထိ နောက်ထပ်ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာထားကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ