ဒေါ့ဖုန်းယန်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံသို့ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲဆန္ဒရှင် စာရင်းတွင် သင့်အမည် ပါဝင်ပါသလား" လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ ထမင်းဆိုင်နှင့် ပြန်ကျစျေးဆိုင်များ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ ဖြန့်ဝေခဲ့သည်။