ဝေးလံခေါင်ဖျားဒေသသတင်းများ

လိုင်လင်းပီမြို့၌ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပေါ်ရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့တိုက်နယ်ဆေးရုံ၌ ကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၁၀ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြသည်။

မံစီ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဘောလခဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၅)ဦး အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်တင်မြှောက်လိုသူများ၏ လွှတ်တော်ကိုယ်စားလှယ် လောင်း (၁၅)ဦး အမည်စာရင်းတင်သွင်းလွှာများကို

ဆဒုံးမြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေး

ကချင်ပြည်နယ်၊ ဆဒုံးမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ အသက်(၆)လမှ အသက် (၅)နှစ် ကလေးများအား ယမန်နေ့ နံနက် (၉)နာရီတွင် ကျေးလက်ဆေးပေးခန်း၌ ကျန်းမာရေး ဝန်ထမ်းများက ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေးခဲ့​ကြောင်းသိရသည်။

Covid- 19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပံ့ပိုးမှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သော COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကန်ပက်လက်မြို့ အ.ထ.က (ဇလပ်ဝါ)ခန်းမ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆)စုအား ပြန်လည်အခြေချနေထိုင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုကို ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဩဂုတ်လ(၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

တနိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများအဖွဲ့ခွဲ၍ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ချီဖွေ၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မတူပီမြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ဝင်နေသူ များအား စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် အချိန်မီကုသနိုင်ရန် ပြည်ပမှပြန်လာသူ နေရပ်ပြန်များအတွက် မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ခံယူနေစဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ အားကစားရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်တွင် ကိုဗစ်-၁၉ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ