ဝေးလံခေါင်ဖျားဒေသသတင်းများ

ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် စိုးရမ်ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေအမှတ်ဖြစ်သော ၁၃၂၅ စင်တီမီတာ အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၃၄ စင်တီမီတာသာလို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာအထိ မြင့်တက်ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာပဲလိုတော့ ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့်သူနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ အား ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ

ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး

ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ စည်ပင်သာရေးဈေးပိုင် အတွင်းရှိ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးသည်။

မင်းတပ်မြို့၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် တဝမ်ချောင်းရေမြင့်တက်လာမှုကြောင့် ယာဉ်များသွားလာရာတွင် အခက်တွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးခရိုင်၊ တနိုင်းမြိုနယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်လာကာ တဝမ်တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရသဖြင့် ယာဉ်များသွားလာရာ၌ အခက်အခဲဖြစ်လာနိုင်သောကြောင့် လမ်းကြောင်းပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အချိန်မီပြုပြင်ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့မှ ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

လောက်ကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား ကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကျပ်နှစ်သောင်းစီ ထောက်ပံ့ခြင်းကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားနေမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက် စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီက အထက(ပန်ဝါ) ကျောင်းတွင် ရှောင်တခင် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့ အမှတ်(၃) ရပ်ကွက် ကင်းဦး မြစ်ကမ်းဘေး ကွန်ကရစ်လမ်းခင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက် ကင်းဦ: မြစ်ကမ်းနံဘေး လမ်းအား ကွန်ကရစ်ခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေ ကြောင်း သိရှိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်းသော ဆိုင်ကယ်များ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် ရိုးရိုးပါဝါ အိတ်ဇော ပြန်လည် တပ်ဆင်ခိုင်းခြင်း‌ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်စည်းကမ်း အသိပညာပေးခြင်နှင့် ပါဝါအိတ်ဇောတပ်ဆင်ပြီး ဆိုင်ကယ်စီးနှင်း မောင်းနင် သူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အသိပညာပေးခြင်းနှင့်
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ