ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုအတွင်း စပါးစိုက်ခင်းများပေါ်တွင် ပိုးကျရောက်မှုအား စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်မီကွင်းဆင်းစစ်ဆေးဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုအတွင်း တောင်သူများ လုပ်ကိုင်လျက်ရှိသော ဆန်ဒမ်းကွင်း(OSS)၊ မန်စေခွန်မြောက်ကွင်း(၁)၊ မန်စေခွန်တောင်ကွင်း (၂) လယ်ကွက်ပေါ်ရှိ စပါးစိုက်ခင်းအချို့တွင် ယခုလအတွင်းပိုးကျရောက်လျက်ရှိကြောင်း တောင်သူများ သတင်းပေးပို့လာမှုကြောင့် စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများက အချိန်မီသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။