ဝေးလံခေါင်ဖျားဒေသသတင်းများ

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ ပျောက်ဆုံး၊ ပျက်စီးမှုမရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ပန်ဆိုင်း (ကြူကုတ်) မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်း ဆက်လက် ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖြန်းခြင်းလုပ်ငန်းများ ကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက် တို့တွင် ဆက်လက်ကွင်းဆင်းဆောင်သည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းတံတားထိပ်နှင့် မြို့မစျေးရှေ့တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

တွန်းဇံမြို့၌ Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများအား အရေးယူ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၀ နာရီအချိန် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာ လာသူများအား ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီး ပြီး တပ်ဖွဲ့ဝင်(၃၅) ဦး ဖြင့် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၌ ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မံစီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့၌ ယနေ့နံနက် ၁၀ နာရီက အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပညာပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အများပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ်စနစ်သို့ ရောင်းချရန် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ပလက်ဝမြို့နယ်အတွင်းတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီး အစီး(၆၀) ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀) အား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။

မိုင်းခုတ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ၂၀၀၀၀ ဆက်လက်ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ