ဝေးလံခေါင်ဖျားဒေသသတင်းများ

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၀)သန်းအောက် လုပ်ငန်းများအတွက် အဆိုပြုလွှာတင်သွင်းနိုင်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀)သန်းအောက် လုပ်ငန်းများ အတွက် တင်ဒါခေါ်ယူလျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းအောက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အဆိုပြုလွှာ တင်သွင်းနိုင်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀)သန်းအောက်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ လျက်ရှိကြောင်း သိရသည်။

တီးတိန်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ချင်းပြည်နယ်၊တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ချီဖွေမြို့နယ်၌ အသက်(၈၀)နှင့် (၈၅) နှစ်ကြား အဘိုး/အဘွားများနှင့် အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွား များနှင့် အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ သက်ဆိုင်ရာ ရပ်/ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးများက လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစတင်စစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Swab နမူနာကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေး အကာအကွယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စတင်စစ်ဆေးခဲ့သည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ ဆေးကုသမှုခံယူ

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူး တင်ဆက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စာကြည့်တိုက် ခေတ္တပိတ်ထားလျက်ရှိရာ Online မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ယမန်နေ့ ညနေ(၃)နာရီခွဲက စာပေ အကြောင်းအရာများကို မျှဝေပေးခဲ့ကြ ကြောင်း သိရသည်။

ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Rapid Test kit ဖြင့် စစ်ဆေးသွားမည်

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ