မတူပီမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား(၁၆၇)ဦးနှင့် သင်တန်း နည်းပြများကို (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် အထူးရဲ သင်တန်းသားများနှင့် နည်းပြများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် အထက(၁) ကျောင်းတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။