ဝေးလံခေါင်ဖျားဒေသသတင်းများ

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာ သွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွားလူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း နှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၂၅) သိန်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ (၅)ဦးအထိ ရှိလာပြီး ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ငေွကျပ်(၂၅)သိန်းပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ Talk Show ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာမှုအပြီးတွင် လာရောက်ကြည့်ရှုသူ (၁၄၄၇၆)ဦး အထိရှိ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထား ကြေညာပေးခဲ့ရာ လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၄၄၇၆)ဦးအထိ ရှိကြောင်း သိရသည်။

မြို့လှတွင် ကိုဗစ်−၁၉ ​ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး လုပ်ငန်းများ ဆောင်ရွက်

နိုင်ငံအဝန်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်−၁၉ ​ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မြို့လှမြို့ ပြည်သူများအ​နေဖြင့် ကျန်းမာ​ရေးအသိနှင့် ဗဟုသုတ ရရှိ​စေရန် ရည်ရွယ်၍ မြို့လှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခန့်က “ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွားဖို့ မိမိကစ ကာကွယ်ပါ” သတင်းစကား လက်ကမ်းစာစောင်များ ပေး​ဝေခြင်းနှင့် နံရံကပ် စာ​စောင်များ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာ များသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ(မင်္ဂလာဓမ္မာရုံရှေ့)တွင် ဆောင်ရွက်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ခေါင်လန်ဖူး မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ခေါင်လန်ဖူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှားတောမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က မြို့နယ်စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့လှ၌ အသက်(၆)လမှ(၅)နှစ်အောက် က​လေးများအား ပုံမှန်ကာကွယ်​ဆေး တိုက်​ကျွေးခြင်း​ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့​တွင် အသက်(၆)လမှ (၅)နှစ်အောက်က​လေးများအား ပုံမှန် ကာကွယ်​ဆေး တိုက်​ကျွေးခြင်းကို​ ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာ‌စောင်ပြသ ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန့် မွန်းလွဲ၁ နာရီအချိန်က ပြသဆောင်ရွက် ပေးလျက်ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ