ဝေးလံခေါင်ဖျားဒေသသတင်းများ

မတူပီမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် များမှ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား‌ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုံတလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးမရရှိသေးသော နယ်စွန်နယ်ဖျားကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ မီးစက်များ၊ ဆိုလာများ၊ ကွန်ပျူတာနှင့် Printer ထောက်ပံ့ပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော နယ်စွန်နယ်ဖျား ကျေးရွာများရှိ အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆိုလာပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

မင်းတပ်မြို့၌ မဲရုံသုံးပစ္စည်းများ ဒုတိယအကြိမ် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စိစစ်ဆောင်ရွက် လျက်ရှိသည်။

ရွာသစ်မြို့၌ အသွားအလာ ကန့်သတ်ကာလ (၁၄) ရက် ပြည့်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် နေအိမ် ပြန်ခွင့်ပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မင်္ဂလာရွှေကျောင်းတော် ကျောင်းဝင်း အတွင်း၌ Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုကာလ (၁၄) ရက် ပြည့်သူတစ်ဦးကို

ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်လက်မှတ်များ ရောက်ရှိမှုများအား စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်လက်မှတ် ရောက်ရှိမှုများကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စစ်ဆေးခဲ့ကြသည်။

မိုင်းယန်းမြို့၌ (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်အား အထွက်တိုးနှုန်းတိုင်းတာခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ၌ တာဝန်ရှိသူများက(CERP)အစီအစဉ်ဖြင့်ဆောင်ရွက်သောမိုးစပါးမျိုးစေ့ထုတ် တောင်သူဦးအိုက်ပြန့် စံပြစိုက်ကွက်၏ အထွက်တိုးနှုန်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။

ကွတ်ခိုင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၅)နှစ်အောက် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းနှင့် ဆေးထိုးခြင်း တို့ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်‌ပေးသည်။

ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ရောဂါအ‌ကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် စာစောင်များကိုကွတ်ခိုင်မြို့၊ အလက(၃)ကျောင်းရှေ့(လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေး)ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြသထားသည်။

မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းပို့ချနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မင်းတပ်မြို့၌ ကျင်းပ

မင်းတပ်ခရိုင်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား သင်တန်းပို့ချ နိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းတပ်မြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေး

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ ဦးဝမ္မသူးမောင်းပန်းခြံရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ပေးလျက် ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ