ဝေးလံခေါင်ဖျားဒေသသတင်းများ

အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်နေသည့် ကျောင်းသုံးပစ္စည်းများလှူဒါန်း

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်လျက်ရှိသည့် စာသင်ခန်းသုံးစာသင်ခုံ၊ စုံလည်ပန်ကာနှင့် လျှပ်စစ်မီး လိုအပ်လျက်ရှိသော ကျောင်းဆောင်နှစ်ဆောင်အတွက် လျှပ်စစ်မီးအသစ် တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တီးတိန်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

တီးတိန်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲပြုလုပ်

ချင်းပြည်နယ်၊တီးတိန်မြို့၌ မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။

ရေဇွာမြို့၌ မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာတွင် အရင်နှစ်ထက် အထွက်နှုန်း ပိုမိုကောင်းမွန်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တောင်သူ ဦးလွှာထာ၏ လယ်ကွက်(၁)ဧကတွင် ရွှေရင်အေးမျိုးသန့်စပါးအား စပါးအစွမ်းရှိ စိုက်ပျိုးနည်း (SRI)စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက စိုက်ပျိုးခဲ့သော မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

နောင်မွန်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခန့်က နောင်မွန်မြို့နယ် အခြေခံအထက်တန်း ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ပို့ချခဲ့သည်။

တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန်တွင် မြို့နယ်ဘန်ရူခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့်အပ်လွှာ ပေးအပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့် အပ်လွှာပေးအပ်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ