ဝေးလံခေါင်ဖျားဒေသသတင်းများ

ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများ ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထည့်ခြင်း အစီအစဉ်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေး ကြိုးများ ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များထည့်ခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ယူမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး အတွက် အထူးရဲသင်တန်းကို ဖွင့်လှစ်ရာ လုံမောင်ခန်းမသို့ ယမန်နေ့နံနက် (၁၀) နာရီခန့်က ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိ/ မရှိ ဆေးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ပန်နန်းဒင်မြို့၌ ပညာရေး၀န်ထမ်းများအား ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့၌ ပညာရေး၀န်ထမ်းကျောင်းဆရာ၊ ဆရာမများအား ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ပန်နန်းဒင်မြို့ ခါကာဘိုရာဇီ ခန်းမတွင် ကျင်းပခဲ့သည်။

မချမ်းဘော့မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ အသိပညာပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ မချမ်းဘော့ မြို့နယ်တွင်း သားအိမ်ခေါင်းကင်ဆာ (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မချမ်းဘော့မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့ နံနက် (၁၀) နာရီခန့်က မချမ်းဘော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအတွက် ဒုတိယအကြိမ်အဖြစ် ဆန်အိတ် (၉၆၄) အိတ်၊ စောင်နှင့် အနွေးထည် (၁၅) အိတ်နှင့် mask (၂၅၀) ခု ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ (၃) လစာအတွက် ဆန်အိတ် (၉၆၄)၊ စောင်နှင့် အနွေးထည် (၁၅) အိတ်နှင့် နှာခေါင်းစည်း mask (၂၅၀) ခုထောက်ပံ့ ပေးအပ်ပွဲကို အောက်တိုဘာ ၁၉ ရက် နေ့လည် (၁၂) နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုရာဇီခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် (သားအိမ်ခေါင်းကင်ဆာ) အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးထည့်သွင်းခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပသည်။

ဖလမ်းမြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမများကို အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးသည်။

ခိုင်ကမ်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင်ပြုလုပ်ခဲ့သည်။

ခိုင်ကမ်းမြို့တွင် အသက်၉နှစ်မှ အသက်၁၀အထိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးထိုးနှံပေး

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၉ နှစ်မှ အသက် ၁၀ အထိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ