ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကွတ်ခိုင်မြို့ (Community Center) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကလေးများအား ကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတ တိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့ကြသည်။

မူဆယ်မြို့၊ နာဂမြောင်လိုဏ်ဂူဘုရားသာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်စေရေးအတွက် အသိပညာဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်များကို ပြည်သူလူထုသိမြင်ပြီး ရှောင်ရှားနိုင်ကြစေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နာဂမြောင်လိုဏ်ဂူဘုရား သာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်က ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးသူများအတွက် အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။

မိုင်းခုတ်မြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကြီးမှူး၍ စက်တင်ဘာ ၈ရက်နေ့ နေ့လည် ၁၂နာရီ ၁၅မိနစ်က စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် “First Aid In The Digital World” အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း ဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်းနှင့် ဟောပြောပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

နမ့်စန်(တ)မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ် စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လည် ၂ နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့၌ စာပေချစ်သူများအသင်းဖြင့်စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများအားစာပေချစ်မြတ်နိုးစေရန်၊ စာဖတ်သည့်အလေ့အထ ရရှိစေရန်နှင့် စာပေမှအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

မချမ်းဘော မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်အဖြစ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ